ပထမ အလုပ်ကနေ ဒုတိယအလုပ်သို့ ပြောင်းခဲ့သောလ
ဒုတိယ အလုပ်ကနေ တတိယအလုပ်သို့ ပြောင်းရန် မြန်မာပြည်ကနေ ထွက်ခွာခဲ့သောလဘဲ ဖြစ်နေလို့ပါ။
ဒါတင်ဘယ်ကမလဲ ဇူလိုင်ဟာ ကျွန်တော်တို့ မြန်မာတွေအတွက် အပြောင်းအလဲကြီးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသလိုပါဘဲဗျာ။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်တွေ စကောလောက်မှ ဇောက်မနက်တဲ့ မသမာသူလူတစ်စုကြောင့် ကျဆုံးခဲ့ရတဲ့လလည်းဖြစ်နေလို့ပါ။
ဒါ့ကြောင့် ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာထဲက အလွတ်ကျက်ခဲ့ရသော ဤကဗျာလေးဖြင့် နှစ် (၆၀) မြောက် အာဇာနည်နေ့(သို့မဟုတ်)ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်များ ကျဆုံးသွားသောနေ့ကို ဂုဏ်ပြုလိုက်ပါသတည်း။
အောင်ဆန်းဇာနည်

ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
နှစ်ပေါင်း (၆၀) ကျော်ကြာခဲ့ပြီဖြစ်သော်လည်း ဘယ်တော့မှ မေ့လို့ ရမှာ မဟုတ်ပါဘူး +++
No comments:
Post a Comment